Wednesday, December 31, 2008

၂၀၀၉ မိတ်ဆက်

၂၀၀၈ တစ်နှစ်လုံးကို အပြေးအလွှားရုန်းကန်ကျော်ဖြတ်ခဲပီးပြီ ၊ တစ်နှစ်လုံးအနေနဲ့ထူးခြားသော လုပ်ဆောင်ချက်ဆိုရင်တော့ blogPage လေးတွေပေါ်မှာ “ ခရီးသည် ” ဆိုတဲ့ အမည်တစ်ခုရခဲ့ပြီး စာရေးဖြစ်ခဲ့ခြင်းပါ။
လူတိုင်းလူတိုင်း စားဝတ်နေရေးတွက် အလုပ်လုပ်ရင်း စိတ်ညစ်စရာပြသနာပေါင်းစုံကိုလည်း နိစ္စဒူဝဖြေရှင်းနေကြရလို့ ပင်ပန်းခဲ့ရပြီပေါ့ ။ ဒီလိုပင်ပန်းခဲ့ရလို့ အားလပ်ချိန်လေးတွေမှာ မိမိစိတ်တိုင်းကျ ၀ါသနာပါရာသိချင်းနားထောင်ခြင်း ၊ အပန်းဖြေခရီးထွက်ခြင်း ၊ ဘုရားဖူးခရီးသွားခြင်းစတဲ့ အစီအစဉ်လေးတွေနဲ့အနားယူတတ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အားလပ်တဲအချိန်ပိုင်းလေးတွေမှာ ရောက်ခဲ့ဖူးတဲ့နေရာလေးတွေရဲ့ ထူးခြားတဲ့စရိုက်လေးတွေကိုရေးရင်း အင်တာနက်ပေါ်မှာအပန်းဖြေဖြစ်ခဲ့ပါတယ် ၊ ၂၀၀၈ တစ်နှစ်လုံးမှာ ကိုယ်နဲ့ဝါသနာတူ သူငယ်ချင်းအသစ်တွေရရှိခဲ့သလို့ သူတို့တွေဆီသွားလည်ရင်း စာဖတ်လေ့လာခဲ့ရင်း ပျော်နေတတ်ခဲ့ပြီလေ။ အရေးအသားမကောင်းပေမယ့်လည်း သူငယ်ချင်းတွေရဲ့အားပေးမှုကို ရခဲ့ပြန်တော့ ပိုပြီးတော့ပျော်နေမိပြန်တယ်။ ဒီလိုနဲ့ဘဲ ၂၀၀၈ တစ်နှစ်လုံးမှာ ဘလော့တွေလိုက်ဖတ်ရင်းစာရေးရင်း စိတ်အပန်းပြေခဲ့ရတယ် ။ ဘယ်တော့မှမေ့လို့မရတဲ့ ထူးခြားတဲ့အမှတ်နှစ်ကလေးကုန်ဆုံးသွားတော့မှာမို့ နှမျှောမိပေမယ်လည်း သင်္ခါရသဘောတွေဖြစ်နေပြီမို့ ရောက်လာတော့မယ်မနက်ဖြန် ၂၀၀၉ ကို ပျော်ရွှင်စာဆီးကြိုလိုက်ကြမယ်သူငယ်ချင်းတို့ရေ ။ ဒီနှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးဆိုတဲ့ အရာအားလုံးပိုင်ဆိုင်နိုင်ကြပြီး ပျော်ရွှင်စွာနဲ့ဖြတ်သန်းကြစေကြောင်း နှစ်သစ်အတွက် ဆုမွန်းတောင်းလိုက်ကြမယ် ။ တို့ရဲ့အသက်တွေကြီးသွားပေမယ့်လည်း စိတ်ဓါတ်ခွန်အားတွေတိုးပွားလို့ ၂၀၀၉ မှာ သန့်ရှင်းတဲ့စိတ်ဓါတ်တွေနဲ့ အကောင်းဆုံး စာမျက်နှာလေးတွေဖွင့်နိုင်ဖိုကြိုးစားကြမယ်လေ။
ကဲဒီတော့
* HAPPY NEW YEAR 2009
* HAPPY NEW YEAR 2009
* HAPPY NEW YEAR 2009

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

Same To You ပါ ကိုခရီးသည်ရေ... နှစ်သစ်မှာ အကောင်းဆုံးတွေ ပိုင်ဆိုင်နိုင်ပါစေ...

Anonymous said...

နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေဗျား

မသက်ဇင် said...

နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

poemflower said...

့ပျော်ရွင်သော ၂၀၀၉ ဖြစ်ပါစေ
ပထမဆုံးလာလည်ခြင်းပါ အမြဲလာခဲ့ပါ လာလည်တာ ကျေးဇူးတင်ပါတယ်ရှင်