Sunday, December 28, 2008

မိတ်ဆွေဟောင်းမိတ်ဆွေသစ်များသို့ အသိပေးကြေငြာခြင်း

ခရီးသည်၏အိမ်အားစာနာ နားလည်စွာဖြင့် ပြုပြင်ပေးခဲ့သော ကမ္ဘာကြီး၏ဧကရာဇ်အမည်ရှိသော(Mr ချမ်း) http://akaris.co.cc အား အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်လျှက် ၂၀၀၈ ခုနှစ်အတွင်းရေးသားခဲ့သည့်မှတ်တမ်းများမှာ ကျွန်တော်အိမ်၏ ရေးမိရေးရာကဏ္ဍတွင် မလျှို့မ၀ှက် သိမ်းဆည်းထားပါကြောင်း အသိပေးပါသည်။၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှ စတင်အသက်သွင်းခဲ့သော ခရီးသည်၏အိမ်သို့ အလည်အပတ်ရောက်ရှိပြီး အားပေးကူညီခဲ့ကြသော မိတ်ဆွေသူငယ်ချင်းများအားလုံး ၂၀၀၈ ခုနှစ်ကိုကျော်လွန်ပြီး နှစ်သစ်ကူး ပြောင်းတော့မည့်ယခုလိုအချိန်မှသည် နောင်နှစ်သစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပျော်ရွှင် အဆင်ပြေပါစေကြောင်း ဆုတောင်ပေးအပ်ပါသည်။ ၂၀၀၈ တစ်နှစ်လုံး ခရီးသွားခံစားမှုများအား ရေးသားလျှက် ကျွန်တော်၏အိမ်ကို ပြုပြင်ခဲ့သော်လည်း နည်းပညာပိုင်းမပြည့်စုံမှုကြောင့် အရုပ်ဆိုးခဲ့သောခရီးသည်အိမ်သို့ သည်းခံပြီးလာရောက်လည်ပတ်ခဲ့သောသူငယ်ချင်းအားလုံးအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။